တောင်ဥက္ကလာ၊ ၁၄/၂ ရပ်ကွက် ၊ ဟင်္သာလမ်းရှိ သိပ္ပါလယ စာသင်တိုက် (ဖုန်း-၅၆၁၃၂၇)မှ စာသင်သားသံဃာ ၄၈ ပါးနှင့် စာချဆရာတော်များအတွက် ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ခေါင်းရိတ်ဓား သေနာသန အသုံးအဆောင်များကို ဓမ္မနန်းတော် ဒါနကုသိုလ်များအတွက် ဘဏ္ဍာရေးမှူးအဖြစ် စီမံခန့်ခွဲပေးနေတဲ့ အန်တီတင့် http://www.auntytint21183.net က ဒီဇင်ဘာ ၂၂ ရက် (နတ်တော်လပြည့်ကျော် ၁၂ ရက်)က သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ အထူးဝမ်းမြောက်ဖွယ် ဖြစ်သွားတာကတော့ သွားရောက်လှူဒါန်းရင်း စာသင်တိုက်မှာ ကျောင်းဆောင်ဆောက်လုပ်နေတာ မြင်တွေ့ရတဲ့ အန်တီတင့်က ကျောင်းအလှူအတွက် ချွေးနဲစာထဲမှ ငွေတစ်သိန်း လှူဒါန်းလိုက်တာပါပဲ။
သိပ္ပါလယ စာသင်တိုက်ကို လှူဒါန်းသင့်ကြောင်းနဲ့ ဘယ်လိုလှူဖွယ်ပစ္စည်းတွေဟာ သံဃာတွေအတွက် လိုအပ်ကြောင်း အရှင်ဝိသာရဒ (ရမ္မာဝတီ) http://shinhtoonaing.com က လမ်းညွှန်တော်မူခဲ့ပါတယ်။ လှူဒါန်းတဲ့ရက်မှာလဲ ဦးဇင်းကိုယ်တိုင် စာသင်တိုက်ကနေ စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ သံဃာတွေအတွက် လိုအပ်မယ့် ဆပ်ပြာ၊ သွားတိုက်ဆေးစတဲ့ နေ့စဉ်အသုံးအဆောင်များကို အစ်မတင့်က စီမံပြီး မူလအလှူငွေ ခြောက်သောင်းအပြင် ကိုယ်ပိုင်ငွေထဲက နှစ်သောင်းစိုက်ပြီး စာသင်စာချ ကိုယ်တော်များအတွက် ပြည့်စုံအောင် စီမံပေးခဲ့ပါတယ်။ ကျောင်းအလှူငွေ တစ်သိန်းနဲ့ ပေါင်းရင်တော့ ဘဏ္ဍာရေးမှူး လှူရတာက နှစ်ဆ ဖြစ်သွားပါတယ်။
သိပ္ပါလယ စာသင်တိုက် ဆရာတော် ဘွဲ့မည်က ဦးဣန္ဒောဘာသ ဖြစ်ပါတယ်။ စာသင်သားသံဃာများအတွက် ပိဋကတ်ကျမ်းဂန် အလှူများကို ကြီးမှူးဆောင်ရွက်ပေးနေတဲ့ အရှင်သုနန္ဒာလင်္ကာရ (ပန်းကမ္ဘာ) က မြန်မာပြည် ပြန်ကြွပြီး ရိပ်သာဝင် တရားအားထုတ်နေပါတယ်။
No comments:
Post a Comment