Source: Wintalker, mandalaygazette
မန္တလေး တောင်စလင်းတိုက်သစ်မှာ ဖွင့်လှစ်ထားတဲ့ ဗုဒ္ဓဘာသာသာသနာပြန့်ပွားရေးအသင်း (ဆရာတော် ဦးတိက္ခ ဖုန်း-၀၂-၆၀၆၉၂၊ ဥက္ကဌကြီး ဦးလှဝင်း ဖုန်း-၀၂-၆၈၃၀၅) ဟာ တောင်တန်းသာသနာပြု လုပ်ငန်းများကို ကြိုးစားဆောင်ရွက်နေပါတယ်။ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး တောင်ထူထပ်တဲ့ ချင်း၊ နာဂ တောင်တန်းများမှာ သာသနာပြုနေတဲ့ သံဃာတော်များနဲ့ ဒေသခံ တိုင်းရင်းသားမောင်နှမများအတွက် ဆန်တစ်ဆုပ်ဖြစ်စေ ဆီတစ်ပုလင်းဖြစ်စေ နိုင်သမျှ ၀ိုင်းဝန်း လှူဒါန်းကြဖို့ နှိုးဆော်အပ်ပါတယ်။
တောင်ပေါ်ဒေသမှာ အစားအစာ အလွန်ရှားပါးတဲ့အတွက် ဆားကအစ လှူဒါန်းနိုင်ပါတယ်။ မိမိတို့နေအိမ်မှာ အသုံးမလိုတော့တဲ့ အ၀တ်အထည်ဟောင်းများလဲ တောင်စလင်းတိုက်သစ်ကို လာရောက်လှူဒါန်းရင် ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး ဘာသာမရွေး တောင်ပေါ်သား ဒကာဒကာမများထံ ပြန်လည်လှူဒါန်းပေးမှာဖြစ်ပါတယ်။
ငရုတ်ကြက်သွန်မကျန် စားလို့ရတာမှန်သမျှ အကုန်လက်ခံပါတယ်။ အ၀တ်အစားလဲ ၀တ်လို့ရတာမှန်သမျှ အကုန်လှူလို့ ရပါတယ်။ ဆေးဝါးလဲ လှူနိုင်ပါတယ်။ ''ချင်းတောင်မှာ ဘာလိုသလဲ'' မေးရင် ''အကုန်လိုတယ်'' လို့ တောင်တန်းသာသနာပြု ဥက္ကဌကြီးက ပြောပါတယ်။
ပြည်ပရောက် စေတနာရှင်များလဲ တောင်တန်းသာသနာ ပြန့်ပွားရေးနဲ့ တောင်ပေါ်တိုင်း၇င်းသား မောင်နှမများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ဆန်၊ ဆီ၊ အသုံးအဆောင်များ လှူဒါန်းနိုင်ကြပါကြောင်း နှိုးဆော်လိုက်ရပါတယ်။




No comments:
Post a Comment