ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နောစ ပါရဂဝေသိနော၊
ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေ၀ အတ္တနံ။
ပစ္စည်းဥစ္စာတို့သည် အသုံးမချတတ်သော လူမိုက်ကို အပါယ်ငရဲသို့ တွန်းပို့တတ်၏၊
ပညာရှိအတွက်မူကား နိဗ္ဗာန်တဖက်ကမ်းသို့ တက်ရောက်ဖို့ရာ အကောင်းဆုံးလက်နက် ဖြစ်တော့သည်။
( ဓမ္မပဒ )
၂၀၁၂ ခုနှစ်၊ မတ်လအတွက် ပိဋကတ်ကျမ်းစာအုပ်များ လှူဒါန်းခြင်း အစီအစဉ်ကို ဓမ္မနန်းတော် အသင်းအနေဖြင့် ပုံမှန် လုပ်ဆောင် ဖြစ်ခဲ့ပါတယ်၊ မြန်မာနိုင်ငံရှိ စာသင်တိုက်အများစုတွင် လိုအပ်လျက်ရှိ သောပညာရေးအထောက်အကူပြု ပိဋကတ်ကျမ်းစာအုပ်များအား ကျောက်ဆည်မြို့ရှိ သာမဏေကျော် ပရိယတ္တိစာသင်တိုက်မှ သာသနာ လင်္ကာရ( သာမဏေကျော် စာမေးပွဲ) ကို ၀င်ရောက်ဖြေဆိုနေကြသော ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် သံဃာတော် အပါး ( ၅၀ ) တို့အား စာအုပ်ရေ ( ၅၀ )တိတိ လှူဒါန်းနိုင် ခဲ့ပြီး၊ လက်ရှိအတန်း တိုင်းတွင် လိုအပ်လျက်ရှိသော စာအုပ်စာရင်းများအလိုက် ပဓာနနာယက ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာ လင်္ကာရ( သာသနဓဇ ဓမ္မာစရိယ ) ထံ ဆက်သွယ်ကာ မန္တလေးမြို့မှတဆင့် စာအုပ်များကို မှာကြားပြီး ကျောက်ဆည်မြို့အထိ သွားရောက်ကာ တတ်စွမ်းသလောက် လှူဖြစ်ခဲ့သည်များကို မုဒိတာပွားနိုင်ရန် မှတ်တမ်းတင်လိုက်ရပါသည်။
2012 ခုနှစ် March လအတွက် ပိဋကတ်စာပေ အလှူရှင်
၁။ ကျေးဇူးရှင် မိဘနှစ်ပါးကို အမှုးထား၍ Norway နိုင်ငံနေ ဒေါ်မြကြေးမုံ မှ ပညာဒါန ပညာ ပါရမီဖြ စ်စေခြင်းငှါ အလှူတော်ငွေ - 2,00000 ( နှစ်သိန်းကျပ် )
၂။ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အရှည်ခံ့၍ တည်တံ့စေရန် ကျေးဇူးရှင် မိဘနှစ်ပါးဖြစ်သော Brunei နိုင်ငံနေ ဦးရဲလင်းဦး+ ဒေါ်မာလာသောင်း တို့ကို အမှုးထား၍ မလင်းသီရိဖြူ ( Australia ) မှ ပညာပါရမီအဖြစ် အလှူတော်ငွေ- 50000 ကျပ် ( ငါးသောင်းကျပ် )
လှူဒါန်းခဲ့သော စာအုပ်များစာရင်း
၁။ သီလက္ခန်ဝါကျဥယျာဉ် ပထမတွဲ၊ ဒုတိယတွဲ ၂ အုပ်၊ တအုပ် ၄၀၀၀ နှုံးဖြင့် ၈၀၀၀ ကျပ်၊
၂။ ဓမ္မသင်္ဂဏီ ၀ါကျဥယျာဉ် ပထမတွဲ၊ ဒုတိယတွဲ ၂ အုပ်၊ တအုပ် ၄၅၀၀ နှုံးဖြင့် ၉၀၀၀ ကျပ်၊
၃။ ဓမ္မသင်္ဂဏီ ဘာသာဋီကာ ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ၊ စတုတ္ထတွဲ
တအုပ် ၃၅၀၀ ဖြင့် ၄ အုပ် ၁၄၀၀၀ ကျပ်၊
၎။ ပါစိတ် ပါဠိတော် နိဿယ တအုပ် ၃၅၀၀ ကျပ်၊
၅။ အဘိဓာနပ္ပဒီပိကာ သူစိ တအုပ် ၅၅၀၀ နှုံးဖြင့် အုပ်ရေ ၃ အုပ် ၁၆၅၀၀ ကျပ်၊
၆။ ဓာတွတ္ထပန်းကုံး တစ်အုပ် ၈၅၀၀ နှုံးဖြင့် အုပ်ရေ ၂ အုပ် ၁၇၀၀၀ ကျပ်၊
၇။ ပရိဝါ ဘာသာဋီကာ ၃၅၀၀ ကျပ်၊
၈။ မဟာဝါ ပါဠိတော် တအုပ် ၆၅၀၀ ဖြင့် ၅ အုပ် ၃၂၅၀၀ ကျပ်၊
၉။ ဓမ္မပဒ ပါဠိတော် တအုပ် ၄၅၀၀ ဖြင့် ၇ အုပ် ၃၁၅၀၀ ကျပ်၊
၁၀။ အဂုင်္တ္တိုရ် ပါဠိတော် တအုပ် ၆၅၀၀ ဖြင့် ၅ အုပ် ၃၂၅၀၀ ကျပ်၊
၁၁။ အဘိဓာနပ္ပဒီပိကာ ဋီကာ တအုပ် ၆၀၀၀ နှုံးဖြင့် ၃ အုပ် ၁၈၀၀၀ ကျပ်၊
၁၂။ ပါစိတျာဒိ ယောဇနာ တအုပ် ၆၅၀၀ ကျပ်၊
၁၃။ ပါရာဇိကဏ် ပါဠိတော် နိဿယ ၃၅၀၀ ကျပ်၊
၁၄။ ဓာတွတ္ထသင်္ဂဟ နိဿယ တအုပ် ၃၅၀၀ ဖြင့် ၂ အုပ် ၇၀၀၀ ကျပ်၊
၁၅။ စူဠ၀ါ အဋ္ဌကထာ ၆၀၀၀ ကျပ်၊
၁၆။ ပါရာဇိကဏ် ၀ါကျဥယျာဉ် ပထမတွဲ၊ ဒုတိယတွဲ တအုပ် ၄၅၀၀ နှုံးဖြင့်
၂ အုပ် ၉၀၀၀ ကျပ်၊
၁၇။ မဟာဝါ ဘာသာဋီကာ တအုပ် ၃၅၀၀ ဖြင့် ၂ အုပ် ၇၀၀၀ ကျပ်၊
၁၈။ ကစ္စည်း ဘာသာဋီကာ တအုပ် ၃၅၀၀ ဖြင့် ၂ အုပ် ၇၀၀၀ ကျပ်၊
၁၉။ ရူပသိဒ္ဓိ ဘာသာဋီကာ တအုပ် ၃၅၀၀ဖြင့် ၂ အုပ် ၇၀၀၀ ကျပ်၊
၂၀။ သဂြိုလ် ဘာသာဋီကာ ၃၅၀၀ ကျပ်၊
၂၁။ ဓာတွတ္ထသင်္ဂဟ နိဿယ ၂၅၀၀ ကျပ်၊
၂၂။ စာအုပ်တိုင်းတွင် အလှူရှင်ကမ္ဗည်းစာတမ်းပါဝင်သော သာရေဖုံး ဂျပ်ထူ ဖုံးခ ၁၀၀၀ ကျပ်စီ ပါဝင်ပြီးသားဖြစ်ပါတယ်။
စုစုပေါင်း ယခုအကြိမ်အတွက် လွှဲအပ်လှူဒါန်းငွေ - 2,50000 ( နှစ်သိန်း ငါးသောင်းကျပ် )
စာအုပ်ဖိုး ကုန်ကျငွေ - 2,55000 ( နှစ်သိန်း ငါးသောင်း ငါးထောင်ကျပ် )
( ၁၀ )ကြိမ်မြောက်အထိ လှူဒါန်းခဲ့သော ပရိယတ္တိစာသင်တိုက်များ
၁။ ပထမအကြိမ်အဖြစ် မန္တလေးမြို့ အရှေ့ပြင် နန်းရှေ့ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်၊
၂။ ဒုတိယအကြိမ်အဖြစ် မန္တလေးမြို့ အရှေ့ပြင် နန်းရှေ့ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်၊
၃။ တတိယအကြိမ်အဖြစ် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက်၊
၎။ စတုတ္ထအကြိမ်မြောက်အဖြစ် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ သာသနာလင်္ကာရစာသင်တိုက်၊
ပိဋကတ်သုံးပုံ အစုံနှင့်တကွစာအုပ်ရေ ( ၁၀၅ ) အုပ်၊
၅။ ပဉ္စမအကြိမ်အဖြစ် စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့ မြစကြာစာသင်တိုက်၊
၆။ ဆဋ္ဌအကြိမ်အဖြစ် စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့ မြစကြာပရိယတ္တိစာသင်တိုက်၊
၇။ သတ္တမအကြိမ်အဖြစ် စစ်ကိုင်းတောင်ရိုး စစ်ကိုင်းမြို့ ဇိနောဒယပရိယတ္တိစာသင်တိုက်၊
၈။ အဋ္ဌမအကြိမ်အဖြစ် စစ်ကိုင်းတောင်ရိုး မဟာသုဗောဓာရုံ ကျောင်းတိုက်၊
၉။ န၀မအကြိမ်အဖြစ် ပဲခူးမြို့ ချမ်းမြေ့ဇေယျာ သာမဏေကျော်စာသင်တိုက်၊
၁၀။ ဒသမအကြိမ်အဖြစ် ကျောက်ဆည်မြို့ သာမဏေကျော် ပရိယတ္တိစာသင်တိုက်၊
( ၁၀ ) ကြိမ်မြောက် အထိ အလှူတော်မှတ်တမ်း အနှစ်ချုပ်
၁။ ပထမအကြိမ် စာအုပ်ရေ ( ၉၂ ) အုပ် အလှူတော်ငွေ - ၄ ၁၂၄၀၀ ကျပ်တိတိ၊
၂။ ဒုတိယအကြိမ် စာအုပ်ရေ ( ၄၉ ) အုပ်၊ အလှူတော်ငွေ - ၂ ၅၀၀၀၀ ကျပ်၊
၃။ တတိယအကြိမ် စာအုပ်ရေ ( ၈၉ ) အုပ်၊ အလှူတော်ငွေ - ၃ ၇၀၀၀၀ ကျပ်၊
၎။ စတုတ္တအကြိမ် စာအုပ်ရေ ( ၁၀၅ )အုပ်၊ အလှူတော်ငွေ - ၅ ၀၀၀၀၀ ကျပ်၊
၅။ ပဉ္စမအကြိမ် စာအုပ်ရေ ( ၆၁ ) အုပ်၊ အလှူတော်ငွေ ၃ ၁၅၀၀၀ ကျပ်၊
ငါးကြိမ်မြောက် မှတ်တမ်းမှ ၁၈,၄၇၅၀၀ ကျပ်၊ ( ၁၈ သိန်း ၄ သောင်း ၇ ထောင့် ၄ ရာကျပ် )
၆။ ဆဋ္ဌအကြိမ် စာအုပ်ရေ (၇၂) အုပ် အလှူတော်ငွေ ၃, ၉၀၀၀၀ ကျပ်၊
၇။ သတ္တမအကြိမ် စာအုပ်ရေ ( ၂၇ ) အုပ် အလှူတော်ငွေ ၁, ၈၀၀၀၀ ကျပ်၊
၈။ အဋ္ဌမအကြိမ် စာအုပ်ရေ ( ၆၆ ) အုပ် အလှူတော်ငွေ ၄, ၂၀၀၀၀ ကျပ်၊
၉။ န၀မအကြိမ် စာအုပ်ရေ ( ၅၄ ) အုပ် အလှူတော်ငွေ ၃, ၅၃၆၀၀ ကျပ်၊
၁၀။ ဒသမအကြိမ် စာအုပ်ရေ ( ၅၀ )အုပ် အလှူတော်ငွေ ၂, ၅၅၀၀၀ ကျပ်၊
စုစုပေါင်း ဆယ်ကြိမ်မြောက်အထိ လှူဒါန်းခဲ့သော အလှူတော်ငွေပမာဏ မှာ - ၃၄, ၄၆၀၀၀ ကျပ်၊
( ၃၄ သိန်း၊ ၄ သောင်း ၆ ထောင်ကျပ်တိတိ )
ကျောက်ဆည်မြို့ သာမဏေကျော်ပရိယတ္တိစာသင်တိုက်ကျောင်းဝင်းအတွင်းရှိ စေတီတော်
ကျောင်းဝင်းအ၀င် မုဒ်ဦးအစ
ပီတိကို စားသုံးသူများ
ပီတိဘက္ခာ ဘ၀ိဿာမ၊ ဒေ၀ါ အာဘဿရာ ယထာ၊
ဒုတိယဈာန်ဘုံဟု ဆိုအပ်သော အာဘဿရာ ဗြဟ္မာ့ဘုံတွင် နေထိုင်ကြသော ဗြဟ္မာကြီးတို့သည် သူတို့ ရရှိထားသော ဈာန်ချမ်းသာများကို အကြိမ်ကြိမ် ၀င်စားကာ ဗြဟ္မာသက်တမ်းတစ်လျောက်လုံး ပီတိကို စားကာ အချိန်ကိုကုန်လွန်လေ့ရှိကြပါသတဲ့။ ( နတ်သုဒ္ဓါများ၊ ပဒေသာပင်များသည် နတ်ပြည် ၆ ထပ်မှာသာ ရှိသည် ဗြဟ္မာ့ပြည်တွင် ဘာစားစရာမှ မရှိပါ )
ဒုတိယဈာန်ကို ၀င်စားနိုင်ပြီ ဆိုလျင် ဟိုဟာ လုပ်ရရင် ကောင်းမလား၊ ဒီဟာ လုပ်ရရင် ပိုကောင်းမယ် ထင်တယ် စသဖြင့် ကြံစည်မှု ၀ိတက်များ ပယ်ပြီးသား ဖြစ်သောကြောင့်၎င်း၊ နောက်တဖန် ကိုယ့်ဆီ ရော က်လာသမျှ အာရုံတိုင်း ကိုလဲ တွေးဆ ဆင်ခြင်နေလေ့ရှိသော ၀ိစာရ စိတ်များလဲ မရှိတော့ရကား ဈာန်ချမ်းသာကြောင့် ဖြစ်သော ၀မ်းမြောက်မှု ပီတိကိုခံစားလိုက်၊ စိတ်တည်ငြိမ်မှု သမာဓိကြောင့် ဖြစ်ပေါ်လာသော ငြိမ်းအေးသော ဘ၀ပိုင်ရှင် များအဖြစ် တငြိမ့်ငြိမ့် တငြောင်းငြောင်းချမ်းသာများကို ခံစားလိုက်ဖြင့် အကြိမ်ပေါင်းများစွာ၊ အခါပေါင်းများစွာ၊ ကပ်ကမ္ဘာ၊ အသင်္ချေအနန္တ တိုင်အောင်နေလေ့ ရှိကြသည်---
မိမိပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုများကြောင့် ဖြစ်ပေါ်ခံစားရသော ကြည်နူးမှု၊ ချမ်းသာမှု ပီတိရှိသူများ သည်လည်း အာဘဿရာ ဗြဟ္မာကြီးများကဲ့သို့ ပီတိကို စားသူများ ဖြစ်ကြပါပေသည် - ဟု မြတ်စွာ ဗုဒ္ဓ ဟောကြားတော်မူခဲ့ပေသည်။
ခြေတစ်လှမ်းဖြင့် စခဲ့သော တောင်တက်ခရီးကား အတန်ငယ် ခရီးပေါက်ခဲ့ပါကော….
ပြုခဲ့သမျှ ကုသိုလ်အားလုံးတို့၏ အဖို့ဘာဂကို ပုဂ္ဂိုလ်သတ္တ၀ါအားလုံးတို့အား အမျှ အမျှ ပေးဝေပါသည် ..
ဓမ္မနန်းတော်
Date .5.April.2012

No comments:
Post a Comment